3
February
မျှော်လင့်ခြင်းသို့ မျှောလွင့်ခြင်း
ငယ်ငယ်က အဘွားနဲ့ အားပြိုင်ခဲ့တဲ့ အဖြစ်လေးတွေ သတိရလိုက်မိရင်း ပြုံးမိတယ် . . အဘွားကို သတိရလိုက်တာ ။ နေကောင်းရဲ့လား မသိဘူး။
. . . . . အဘွားနဲ့တူတူနေတုန်းက ကိုယ်က မူလတန်းလေးတက်နေတာ။အဘွားတို့ရွာက ကျောင်းမှာပေါ့။အဘွားက ၀လဲဝတယ်။ ပြီးတော့ လက်ဝါးကြီးတွေလဲ ကိုယ့်စိတ်ထဲမှာ အကြီးကြီးလို့ ထင်တာပဲ။ ငယ်သေးတော့ ကြီးတယ်ထင်တာနေမှာပေါ့။အဘွားလက်ဝါးနဲ့ ရိုက်ရင် အရမ်းနာတာ။ ရိုက်ရလောက်အောင်လဲ ငယ်ငယ်တုန်းက ဆိုးတာကိုး။ ဆော့နေရရင် အိမ်လဲထမင်းပြန်မစားဘူး။ မနက်အိပ်ရာထထဲက ညနေမိုးချုပ်ထိ အိမ်ပြန်လာတော့တာမှ မဟုတ်တာ။ ညနေမှောင်ရင် ရွာထဲမှာ ကိုယ့်ကိုလိုက်ရှာရတာ အဘွားအလုပ်ပဲလေ။
. . . . . ရွာမှာကလဲ ကစားဖော်အိမ်တွေက အဘွားဘက်က စပ်ရင် အမျိုးတော်တာနဲ့ အဘိုးနဲ့ဆွေမျိုးမကင်း
ဆိုတာနဲ့ ဘယ်အိမ်ဖြစ်ဖြစ် ထမင်းကျွေးတဲ့အိမ်ချည်းပဲ။ ပြီးတော့ သူများအိမ်မှာ စားရတဲ့ထမင်းက ငယ်ငယ်က ရော ခုရော သိပ်စားကောင်းတာ။ ဆော့တာကလဲ တစ်ခုပြီးတစ်ခု အခန်းဆက်နဲ့ဆော့တာဆိုတော့ ဘယ်လိုအိမ်ပြန်လာတော့မှာတုန်း ။ အဘွားလာခေါ်ရင် မလိုက်သေးဘူးချည်း ပြောတာ။ အဲ့ကျ အရိုက်ခံရရောပေါ့။ နာသလား မမေးနဲ့။လက်ဝါးနဲ့ ရိုက်တဲ့အသံက ဗြန်းဗြန်းနဲ့ကို မြည်တာ။ ဒါလဲ အမှတ်ကမရှိဘူး နောက်နေ့ကျ ထပ်ဆော့တာပဲ။ အိမ်မလည်ရဘူးဆို သူငယ်ချင်းတွေကို အိမ်ခေါ်ပြီးဆော့တာ။ Read more
သံလုံငယ်